Lectionary Calendar
Friday, April 26th, 2024
the Fourth Week after Easter
Attention!
StudyLight.org has pledged to help build churches in Uganda. Help us with that pledge and support pastors in the heart of Africa.
Click here to join the effort!

Read the Bible

Myanmar Judson Bible

ဆာ​လံ 121

1 ငါ့ကိုမစခြင်း အကြောင်းသည် ပေါ်ထွက်ရ သော တောင်ရိုးသို့ ငါမျှော်ကြည့်၏။2 ကော်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရား ထံတော်မှ၊ ငါ့ကို မစခြင်းအကြောင်းသည် ပေါ်ထွက်ရ၏။3 သင်၏ ခြေကို ချော်စေခြင်းငှါ အခွင့်ပေးတော် မမူ။ သင့်ကို စောင့်သောသူသည် အိပ်တော်မမူ။4 အကယ်စင်စစ် ဣသရေလအမျိုးကို စောင့် သောသူသည် ငိုက်မျဉ်းအိပ်ပျော်ခြင်း ရှိတော်မမူ။5 ထာဝရဘုရားသည် သင့်ကို စောင့်တော်မူ၏။ ထာဝရဘုရားသည် သင်၏လက်ျာဘက်၌ရှိသော သင်ခိုလှုံရာ အရိပ်ဖြစ်တော်မူ၏။6 နေ့အချိန်၌ နေအားဖြင့်၎င်း၊ ညဉ့်အချိန်၌ လအားဖြင့်၎င်း အထိအခိုက်မရှိရာ။7 ထာဝရဘုရားသည် မကောင်းသောအမှုအရာ အလုံးစုံတို့ကို ကွယ်ကာ၍၊ သင်၏အသက်ကို စောင့်တော် မူလိမ့်မည်။8 ထာဝရဘုရားသည် သင်၏ ထွက်ခြင်းနှင့် ဝင်ခြင်းတို့ကို ယခုမှစ၍ အစဉ်အပြတ် စောင့်တော်မူ လိမ့်မည်။

adsfree-icon
Ads FreeProfile